သာသနာ့တက္ကသိုလ်ကျောင်းသားကြီး ကျောင်းတော်က စာသင်ပြီး၍ ထိုက်ထိုက်တန်တန် ရလာသောနေရာ
ရလာသော ထောက်ပံ့ကြေး (၀ါ) လစာသည် “အများသိလျှင် ရယ်ပါလိမ့်မည်။ အမေသိလျှင် ငိုပါလိမ့်မည်။”
ဟုပင် ဆိုရမည့် အခြေအနေပါတကား။ သူကိုယ်တိုင်ကတော့ဖြင့် ငိုရမလို ရယ်ရမလို။
“အင်း ပိုက်ဆံကလည်း အလုံအလောက်မပါ၊ အသိမိတ်ဆွေကလည်း တစ်စုံတစ်ယောက်မှမရှိနဲ့ ဘာဆို
ဘာမှ မပြည့်စုံတဲ့ ဒီနေရာမှာ (၂)နှစ်တာခရီးအထိ ဘ၀ကို ငါ ဘယ်လိုရွက်လွှင့်ရပါမလဲ.......? ။
စဉ်းစားစမ်း....မင်း စဉ်းစားစမ်း။ ”
တွေးရင်းတွေးရင်း လေးလာသည့်ရင်ကို မနိုင်တော့သ၍ ထိုင်လျှက်အနေအထားမှ ပက်လက် အနေအထား
သို့ ရုတ်တရက် ပြောင်းလဲလိုက်သည်။
“ကျွိ.....ကျွိ .....ကျွိ”
“သိမ့်” ခနဲဖြစ်သွားသည့် တုန်ခါလှုပ်ခပ်မှုက အဝေးသို့ရောက်နေသော အတွေးမြှင်ကို ချက်ချင်းပင် ယူငင်
သိမ်းပိုက်ကာ သတိတရားကို လက်ကိုင် ပြုစေလိုက်၏။
“ဟ ...ငလျင်......ငလျင် ဒါ ငလျင်လှုပ်တာပဲ။”
စည်းချက်မညီမညာနှင့်ယိမ်းနွဲ့နေသော ခြေတံရှည်ကျောင်းပေါ်တွင် ငလျင်ဒဏ်ကို ကြိတ်ခံနေ၍မဖြစ်။ ဤ
နေရာတွင် ကူမည့်သူ ကယ်မည့်သူဟူ၍ တစ်ဦးတစ်လေမျှပင် မရှိသည် မဟုတ်ပါလော။ သူ့အသက်နှင့်သူ့
ခန္ဓာကို သူ့ကိုချစ်ကြသည့် ဗုဒ္ဓဘာသာဝင်များရှိရာသို့ တင့်တင့်တယ်တယ် ပြန်လည်သယ်ဆောင်သွားနိုင်ပါ
မည့်အရေး ဘာမှတွေးမနေ ငေးမနေတော့ဘဲ အောက်သို့ ဆင်းပြေးမိသည်။
ကျောင်းအောက်တွင် သစ်ပင်တို့သည် ငလျင်နှင့် မဆိုင်သည့်အလား တည်ငြိမ်နေကြ၏။ ရေအိုး ရေခွက်
များသည်လည်း သမာဓိအပြည့်နှင့်ပင်။ တစ်ခုတည်းသော ခြေတံရှည်ကျောင်းသည်သာ ဂီတမပါဘဲ နစ္စအမှု
ကို ကျူးလွန်နေဆဲ ဖြစ်လေတော့၏။ ထိုသောအခါမှ သူ အမြင်မှန်ရလာသည်။ ထင်းရှူးသားများဖြင့် တည်
ဆောက်ထားသော ခြေတံရှည် သာသနာပြုကျောင်းငယ်သည် သူ၏ရုတ်တရက်ခါးဆန့်လိုက်ခြင်းနှင့် လေ
တိုက်ခြင်းတို့၏ဒဏ်ကို တပြိုင်နက် ခံလိုက်ရကာ သွက်သွက်ခါသွားခဲ့ခြင်းသာဖြစ်ပါ၏။
စင်စစ် သူထင်သကဲ့သို့ ငလျင်လှုပ်ခြင်း မဟုတ်ပါပေ။
“ဒီရွာက စာသင်ကျောင်းက အလယ်တန်းကျောင်းထင်တယ်နော်၊ ဟုတ်လား”
“ဟုတ်ကဲ့...အလယ်တန်းကျောင်းခွဲပါ၊ ရှစ်တန်းအထိ ရှိတယ်လေ”
“ဦးဇင်းက အဲဒီကျောင်းမှာ ကလေးတွေကို စာဝင်သင်ပေးလို့ ရမလား”
“ရမှာပါ၊ ရမှာပါ၊ ကျောင်းအုပ်ဆရာမကြီးကိုပြောပေါ့”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဦးဇင်း ပြန်လိုက်ပါဦးမယ်”
“ ဟုတ်ကဲ့..၊ ဆရာ..ဟိုဘက်က မြင်နေရတာက ပါစတာ(ခရစ်ယာန်ဓမ္မဆရာ)ရဲ့အိမ်ပဲ။ဆရာပြန်ရင်းနဲ့
ခဏ၀င်ပြီး မိတ်ဆက်သွားရင် မိတ်ဆက်သွားပေါ့။ သူလည်း ဗမာစကား ပြောတတ်ပါတယ်။”
“ဟုတ်ကဲ့ ...ကောင်းပါပြီ၊ ကျေးဇူးပဲနော်”
သူရွာဥက္ကဋ္ဌကြီးအိမ်မှ ထွက်လာခဲ့သည်။
(နှစ်)
ရန်ကုန်မြို့ကြီးပေါ်က သာသနာ့တက္ကသိုလ်တွင် သူနေခဲ့ရစဉ်က ခလုပ်ကလေးတစ်ချက်နှစ်လိုက်လျှင် မီးပွင့်
ပြီး ဘီးလေးတစ်ချက်လှည့်လိုက်လျှင် ရေလာသောဘ၀သည် ယခုကဲ့သို့ တောင်တန်းဒေသသို့ ရောက်လာ
သောအခါတွင်ကား အိပ်မက်နှင့်လက်တွေ့အလား ကွားခြားသွားတော့၏။ မီးအလင်းရောင်ရရှိရေး အတွက်
ဖယောင်းတိုင်ကို အားကိုးရသကဲ့သို့ သောက်သုံးရေ ရရှိရေးအတွက် တောင်ပေါ်မှကျလာမည့် စိမ့်စမ်းရေ
လေးကို မျှော်နေရသည်။
ရမ္ဘသုဘ သုရမ္ဘဟူသော ရွှေနုန်းသုံးဆောင်ကို စွန့်ခွါကာ တောထွက်တော်မူ၍ ခြောက်နှစ်တိုင်တိုင်ဒုက္ကရစ
ရိယာကို ကျင့်ကြံတော်မူခဲ့သော မြတ်စွာဘုရားအလောင်တော် သိဒ္ဓတ္ထမင်းသားလေးကို ကိုယ်ချင်းစာသည့်
စိတ်ဖြင့် ဆထက်ထမ်းပိုးတိုးပြီး ကြည်ညိုမိ၏။ ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ် ကိုရရှိနိုင်မည့်
အရေး အရာရာကို စတေးခဲ့သည်။ ခြောက်နှစ်တာမျှ ခဲယဉ်းသော ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့ရသည်။
ထို့အတူ ဘုရားသားတော်ဖြစ်သောသူသည်လည်း (B.A Buddhism) ဘွဲ့ကိုရရှိနိုင်ပါမည့်အရေးအတွက် ဤ
မျှတော့ ပေးဆပ်ရပေလိမ့်ဦးမည်။ ထိုသို့သာ စိတ်ကိုဖြေသိမ့်၏။
ညနေခင်းအချိန်တုန်းက ရွာထဲသို့ သူ စ၀င်လာစဉ်ကြုံခဲ့ရသော ဖြစ်ပုံများကို ပြန်လည်မြင်ယောင်မိ၏။ ထို့
နောက် တစ်ကိုယ်တည်း ပြုံးနေမိသည်။
“ဒီရွာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိတယ် မဟုတ်လား”
“x x x x x”
သူနားမလည်သည့်ဘာသာစကားကို တစ်ခွန်းတည်း တိုတိုပြတ်ပြတ်ပြော၍ ထွက်ခွါသွားသောလူ၏
နောက်ကျောပြင်ကိုငေးလျှက် စိတ်မသက်သာစွာဖြင့် သက်ပျင်းချမိသည်။
“ဟူး....ဘာဆက်လုပ်ရပါ့မလဲ..။”
“.............................................
.............................................”
“ဟော..ဟေ့လူ ခဏ၊ ခဏ မေးစရာလေးရှိလို့ပါ”
ထိုလူ လှည့်ကြည့်သည်။
“ဥက္ကဋ္ဌအိမ်က ဘယ်နားမှာလဲ၊”
“x x x x x x x x x”
“ဘာပြောတာလဲ ဗမာလိုလေး ပြောပေးပါ့လား”
“ မ တတ် ဖူး”
ဗမာစကားတစ်ခွန်းကို မပီမသဖြင့် စတင်နားဆင်ခွင့်ရလိုက်၏။ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ သို့သော် အဆို
ပါ “မတတ်ဘူး” ဆိုသည့် စကားမှပို၍ ထွက်မလာ။ ဘာမေးမေး မတတ်ဘူး ဟုသာ ဖြေသည်။ အခြေအနေက
ထူးခြားမလာသည်မို့ ဘေးဝဲယာသို့ ဝေ့ကြည့်လိုက်မိ၏။ မလှမ်းမကမ်းတွင်ခြင်းတောင်းတစ်ခုကိုကြိုးနှင့်သိုင်း
၍ရွက်ကာ ဖြတ်သွားသည့် အမျိုးသမီးကြီးတစ်ယောကကို လှမ်းမြင်လိုက်ရသည်။ မျှော်လင့်ချက်ခွန်အားသိပ်
မများတော့သော်လည်း ထိုအမျိုးသမီးကြီးကိုပင် အဆင်ပြေလိုပြေငြား အော် မေးကြည့်လိုက်၏။
“ အဒေါ်ကြီး....ဘုန်းကြီးကျောင်း ဘယ်နားမှာရှိလဲဗျ”
“နင်တို့အိမ်ကိုပြောတာလား”
“ ဟာဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့အိမ်ကိုပြောတာ။ ဘယ်နားမှာရှိလဲ။”
”ဟိုးက ...တောင်ပေါ်မှာ..”
“ဥက္ကဋ္ဌကြီးအိမ်ကရော”
“ဒီနားမှာပဲ..နင်လှမ်းကြည့်ရင် မြင်ရမယ်”
“ဟုတ်ကဲ့ ကျေးဇူးပါ။ သြော်..ဒါနဲ့ စကားမစပ် အရင်က ဒီရွာမှာလာနေသွားတဲ့ ဦးဇင်း ဦးသောမဆိုတာ
ကိုသိလား။”
“ အဲဒါ..ငါတို့နဲ့ မဆိုင်ဘူး”
(သုံး)
ညက အတွေးများကြောင့် ဘယ်အချိန်ရောက်မှ အိပ်ပျော်သွားခဲ့လေသည်မသိ။ နံနက်လင်းအိပ်ယာနိုးတော့
ရှစ်နာရီပင်ထိုးနေချေပြီ။ သို့သော် ချက်ချင်း မျက်နှာမသစ်နိုင်သေး။ ကိုယ့်ကိုယ်ကိုယ်ဆင်ခြေအမျိုးမျိုးပေး၍
ရေကိုရှောင်နေမိသည်။ အပူချိန် ဒီဂရီ ရေခဲမှတ်အောက် “ခြောက်”ဟူသော အအေးဒဏ်ကို ယခုမှ စတင်ထိ
တွေ့ဘူးသည်မဟုတ်ပါလော။ ခြုံထားသော စောင်များကိုမခွါသေးဘဲ မီးသွေးမီးဖိုဖြင့် မီးမွှေးလိုက်သည်။ ထို့
နောက် အိုးထဲတွင်ကျန်နေသေးသော ရေအနည်းငယ်ကို နွေးလာသည်အထိအပူပေးလိုက်၏။ မျက်နှာသစ်
နိုင်ရန်အတွက်ဖြစ်သည်။ မျက်နှာသစ်ပြီးသည့်နောက် နံနက်စာကို လွယ်လွယ်ကူကူပင် ပါလာသောကော်ဖီ
မစ်ထုတ်အားဖျော်သောက်၍ ဥက္ကဋ္ဌ အိမ်ရှိရာဘက်သို့ ထွက်လာခဲ့၏။
“ဥက္ကဋ္ဌကြီး ဦးဇင်းက ရန်ကုန် သာသနာ့တက္ကသိုလ်ကပါ။ ဒီရွာမှာ သာသနာပြုတာဝန်ကျလို့ ရောက်လာ
တာပဲ။ အဲဒါကြောင့် သိလိုတာလေးတစ်ချို့ကို မေးပါမယ်။”
“ဟုတ်ကဲ့၊ မေးပါ”
“ရွာမှာ အိမ်ခြေဘယ်လောက်ရှိပါသလဲ”
“အင်း ...မုဆိုးမအိမ်တွေပါ အပါ အားလုံးဆိုရင်တော့ ၁၄၀ ပါ”
“ဟုတ်ပြီ...တစ်ရာ့လေးဆယ်၊ အဲဒီအထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ အိမ်များ ရှိလား”
“မရှိပါဘူး၊ အားလုံးက ခရစ်ယာန်တွေပါ”
“အော်...”“ဒီရွာက စာသင်ကျောင်းက အလယ်တန်းကျောင်းထင်တယ်နော်၊ ဟုတ်လား”
“ဟုတ်ကဲ့...အလယ်တန်းကျောင်းခွဲပါ၊ ရှစ်တန်းအထိ ရှိတယ်လေ”
“ဦးဇင်းက အဲဒီကျောင်းမှာ ကလေးတွေကို စာဝင်သင်ပေးလို့ ရမလား”
“ရမှာပါ၊ ရမှာပါ၊ ကျောင်းအုပ်ဆရာမကြီးကိုပြောပေါ့”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဦးဇင်း ပြန်လိုက်ပါဦးမယ်”
“ ဟုတ်ကဲ့..၊ ဆရာ..ဟိုဘက်က မြင်နေရတာက ပါစတာ(ခရစ်ယာန်ဓမ္မဆရာ)ရဲ့အိမ်ပဲ။ဆရာပြန်ရင်းနဲ့
ခဏ၀င်ပြီး မိတ်ဆက်သွားရင် မိတ်ဆက်သွားပေါ့။ သူလည်း ဗမာစကား ပြောတတ်ပါတယ်။”
“ဟုတ်ကဲ့ ...ကောင်းပါပြီ၊ ကျေးဇူးပဲနော်”
သူရွာဥက္ကဋ္ဌကြီးအိမ်မှ ထွက်လာခဲ့သည်။
( လေး)
အိမ်ခြေ တစ်ရာ့လေးဆယ်ရှိသောရွာတွင် တံခါးဖွင့်ထားသည့် အိမ်မှန်သမျှကို တစ်အိမ်ဝင် တစ်အိမ်ထွက်
လိုက်လံမိတ်ဆက်ကြည့်၏။ သို့သော် သူစကားများကို ရွာသူရွာသားများက နားမလည်ကြသလို ရွာသူ ရွာ
သားတို့၏ စကားကိုလည်း သူက တစ်ခွန်းတစ်ပါဒမျှပင် နားမလည်ချေ။ လက်ဟန်ခြေဟန်ဖြင့် စကားပြော၏
ဓာတ်ပုံရီုက်၏။ ရိုက်ထားသော ဓာတ်ပုံများကို ကင်မရာတွင် ပြန်ပြ၏။ ရွာသူရွာသားများက ကြည့်၍ ရယ်၏။
သူလည်းလိုက်၍ ရယ်၏။ ရင်ဆိုင်ရမည့်အခက်အခဲကို ခဏတာမေ့သွားရသည်။
“ဟာ...ဆွမ်းမချက်ရသေးဘူး၊ ဆွမ်း။ ဆယ်နာရီ လေးဆယ့်ငါးမိနစ်။ ပြန်တော့မယ်နော်.။ နောက်နေ့မှ
လာခဲ့မယ်...တာ့တာ...။”
နာရီကိုတစ်ချက်ကြည့်ပြီး ရုတ်တရက်ထွက်ခွာလာသော သူ့ကို ရွာသူရွာသားများက နားမလည်နိုင်
စွာဖြင့် ငေးကျန်ခဲ့ကြ၏။
မြေပြန့်ဒေသတွင် ဆွမ်းချက်ခြင်း၊ ဟင်းချက်ခြင်းတို့သည် သူနှင့် ဘယ်လိုမှ မပတ်သက်သည့်အရာ။
သို့သော် ယခုလိုတောင်ပေါ်ဒေသက ဘာသာခြားရွာတွင်ကာ မည်သို့မှ ဆင်ခြေပေးနေ၍မရ။ “ဆင်ခြေပေး
သည့်ပစပ် ထမင်းငတ်တတ်သည်”ဟူသော အဆိုသည် ဤနေရာတွင် အကြွင်းမဲ့ မှန်နေတော့၏။ မည်သို့ပင်
ဆိုစေကာမူ သူ ဖြတ်ထိုးဉာဏ်ကို အသုံးချတတ်လေသည်။ ကျန်နေသေးသော ၁၂ နာရီမထိုးခင်အချိန်ကိုအ
ကျိုးရှိစွာ အသုံးချခြင်းအားဖြင့် ပါလာသည့် ယမ်ယမ်ထုပ်များကို ရေနွေးပူပူဖြင့် အမြန်ဖျော်ကာ ဘုရားဆွမ်း
တော်ကပ်၍ ထိုဘုရားဆွမ်းတော်မှကျသော ယမ်ယမ်ဖြင့်ပင် နေ့ဆွမ်းကိစ္စကို ပြီးစေလိုက်၏။
တောင်ပေါ်ဒေသ၌ သီတင်းသုံးရရှာသော သုံးလောကထွဋ်ထားသဗ္ဗညုမြတ်စွာဘုရားရှင်သည်လည်း
သာသနာပြုကိုယ်တော်လေးနှင့် တန်းတူညီမျှ စိတ်ထားကာ ရက်ပေါင်းများစွာအထိ ယမ်ယမ်ဆွမ်းဖြင့်ပင်
သီးခံ ဘုဉ်းပေးသုံးဆောင်တော်မူရရှာလေသည်။
(ငါး)
“ဘာမှမရှိ၊ ဘာမှမသိသည့်နေရာ”ဟုမဆိုသာသော်လည်း လိုအပ်ချက်များက အလွန်များပြားလျက်
ရှိသည်ဖြစ်ရာ သူ ဘယ်ကစ၍ ဘာလုပ်ပေးရမှန်းမသိ ဖြစ်နေလေတော့သည်။ စိတ်ရှုပ်ထွေးမှုကို ထွက်
ထွက်ပေါက်ရှာသည့်အနေဖြင့် ကောက်ကိုင်လိုက်မိသည်က မေတ္တာရှင်ဆရာတော် ရေးသားသော “ကာယ
ကံမေတ္တာ”အိပ်ဆောင်စာအုပ်ငယ်ကလေး။ တစ်ရွက်နှစ်ရွက်ဖတ်ကြည့်မိသောအခါ-
“မှောင်လိုက်တာကွာလို့ ထိုင်ငြီးနေမယ့်အစား ဖယောင်းတိုင်လေးတစ်တိုင်လောက်ထွန်းညှိပေးလိုက်
တာက ပိုပြီးအကျိုးရှိပါတယ်”ဟူသော တရုတ်ပညာရှိ ကွန်ဖြူးရှပ်၏ ဒဿနလေးတစ်ခုကို ဆရာတော်က သူ့
အတွေ့အကြုံလေးနှင့် ယှဉ်၍တင်ပြထားသည်။ အသိဉာဏ်တစ်ခု ခေါင်းထဲတွင် ဖျက်ခနဲ လင်းလက်လာ၏။
ထို့နောက် အနွေးထည်ကိုဝတ် သင်္ကန်းကို အပေါ်ကထပ်ရုံ၍ စာသင်ကျောင်းရှိရာဘက်သို့ ခြေဦးတည်လိုက်
သည်။
“ဆရာမ၊ ဒီကျောင်းက ကျောင်းအုပ်ဆရာမကြီး အခုရှိလား”
“ဟုတ်ကဲ့၊ ဆရာမကြီး ရုံးခန်းထဲမှာ ရှိပါတယ်။ ”
“သြော်..ဟုတ်လား။ ဆရာမကြီးနဲ့တွေ့ချင်လို့ပါ။”
“ဟုတ်ကဲ့ပါ..၊ ဒီလမ်းအတိုင်းသွားရင်ရောက်ပါတယ်။”
“ဆရာမက ကျောင်းအုပ်ဆရာမကြီးလား”
“ဟုတ်ပါတယ်ရှင်၊ ဘာကိစ္စများရှိလို့ပါလဲ”
ကျောင်းအုပ်ဆရာမကြီးက သူ့ကို လက်ဆွဲနှုတ်ဆက်၍ လေးလေးစားစားပင်လာရင်းကိစ္စကိုမေးပါ
သည်။
“ဒီလိုပါ၊ ဦးဇင်းက ဒီရွာမှာ သာသနာပြုတာဝန်ကျလာတဲ့ ဦးဇင်းပါ။ နှစ်နှစ်နေရမှာလေ။အဲဒါကြောင့်
ကျောင်းမှာ ဆရာမတို့ကို ကူညီပြီး ကလေးတွေကို စာသင်ပေးရင် ရမလားလို့”
“သြော်...ဟုတ်.......ဟုတ်.......ဟုတ်ကဲ့။ ရပါတယ်။ ဆရာကဘယ်အတန်းကို သင်ပေးချင်တာလဲ”
“ခုနစ်တန်းနဲ့ ရှစ်တန်း အင်္ဂလိပ်ဘာသာရပ်ကိုသင်ပေးချင်တယ်။”
“ဒီလိုဆိုရင် ခဏနေဦးနော်...ဆရာ။ သူတို့ အတန်းပိုင်ဆရာမနဲ့ အရင်ဦးဆုံး တိုင်ပင်ကြည့်လိုက်ဦး
မယ်။”
“ကောင်းပါပြီ”
သာသနာ့တက္ကသိုလ်ဝင်ခွင့်ဖြေခဲ့စဉ်က ထွက်လာမည့်အောင်ဂေဇက်ကို စာင့်မျှော်ရသည့်အလား
ကျောင်းအုပ်ဆရာမကြီးပြန်လာလျှင် ကြားရမည့် စာသင့်ခွင့်မသင်ခွင့်အဖြေကို ရင်ခုန်စွာဖြင့် စောင့်မျှော်နေ
ရသည်။ အဋ္ဌမတန်းဟု စာတန်းချိတ်ဆွဲထားသော စာသင်ခန်းတစ်ခု၏ရှေ့၌ ဆရာမကြီး ရပ်လိုက်သည့်အခါ
အခန်းထဲမှ ဆရာမတစ်ဦးထွက်လာသည်ကိုတွေ့လိုက်ရ၏။ ဆရာမအချင်းချင်း စကားပြောနေကြသည်။ သူ
မကြားပါ။ ကြားလျင်လည်း နားလည်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အခြေအနေကို ကြည့်၍စောင့်နေရသည်။
ခဏအကြာတွင် ဆရာမကြီး ပြန်လှည့်လာ၏။
“ဆရာ..”
“ဟုတ်ကဲ့။ ပြောပါ ဆရာမကြီး”
“ဆရာသင်ချင်တဲ့အင်္ဂလိပ်စာကတော့လေ ကလေးတွေအတွက် ရုတ်တရက် အပြောင်းအလွဲဖြစ်ပြီး
အခက်အခဲဖြစ်သွားမှာစိုးလို့၊ စာမေးပွဲကလည်း နီးပြီးဆိုတော့...။”
“ သြော်..ဟုတ်ပြီ၊ ဟုတ်ပြီ ....ဦးဇင်း သဘောပေါက်ပါတယ်။ ဒါဆိုရင်.....”
“ ဆရာက ခုနစ်တန်းကို မြန်မာနဲ့ သင်္ချာဘာသာသင်ပေးနိုင်မလား”
“သြော်..ဆရာမကြီး ဦးဇင်းက သင်္ချာဆိုရင် လုံးဝမသင်တတ်ဘူး။ ဦးဇင်းကိုယ်တိုင်လည်း မတတ်ဘူး။
“ဟုတ်လား၊ ဒါဆို ...မြန်မာစာရော”
“အင်း မြန်မာစာတော့ ဖြစ်ပါတယ်။ သင်မယ်လေ”
သို့နှင့် ခုနစ်တန်းကျောင်းသား ကျောင်းသူများကို မြန်မာစာသင်ပေးဖို့ အပေးအယူတည့်သွားသည်။
ထို့ကြောင့် တစ်ခါတည်းပင် ကျောင်းအုပ်ကြီးရုံးခန်းမှ ခုနစ်တန်းမြန်မာစာ ဆရာကိုင်စာအုပ်တစ်အုပ်ကိုယူ၍
စာသင်ခန်းရိရာသို့ ထွက်လာခဲ့၏။ သူ အတန်းရှေ့သို့အရောက်တွင် ကျောင်းသားကျောင်းသူများအားလုံးတ
ပြိုင်နက်တည်းထကာ လက်အုပ်ကိုယ်စီချီ၍ သံပြိုင် အော်ဟစ်လိုက်ကြ၏။
“ပဉ္စဂုဏံ အဟံ ၀န္ဒာမိ၊ အာစရိယ ဂုဏံ အဟံ ၀န္ဒာမိ။ မင်္ဂလာပါ ဆရာ”
ဗုဒ္ဓဘာသာ၏ အရိပ်အငွေ့ မြေပြန့်ဒေသ၏ သင်္ကေတဖြစ်သော ကလေးတို့၏ အမူအယာများနှင့်ချင်း
သံဝဲ၀ဲလေးများကြားမှ ရုတ်တရက် မမျှောလင့်ဘဲကြားလိုက်ရသည့် ပါဠိဝေါဟာရ အသုံးအနှုန်းများကြောင့်
ချမ်းအေးနေသော သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသယောင်ပင် ထင်ရသည်။ ကလေးအားလုံးကိုပြုံးပြ
နှုတ်ဆက်ပြီး ရှေ့ဆုံးတန်းမှ ကလေးတစ်ချို့ကို နာမည်မေးကြည့်လိုက်၏။
“သမီးနာမည် ဘယ်လိုခေါ်လဲ”
“ထာရ် ချင်း ဆုန်း”
“ဟင်..သေချင်းဆိုး၊ ဟုတ်လား”
စာသင်ခန်းတစ်ခန်းလုံး ကလေးတို့၏ရယ်သံများနှင့် ပြည့်နှက်သွား၏။
“သားနာမည်ကရော......။ ဘယ်လိုခေါ်လဲ။ ပြောပြပါဦး”
“ ထာဘိက်ခ်ကျဲအို”
“ဟင် ဘယ်လို ထမိန်ကြက်ဥ။ ဟုတ်လား”
ကလေးများ အတောမသတ် ရယ်မောကြသည်။ သူ ဆက်မနောက်တော့ပါ။ စာအုပ်ကိုဖွင့်၍ရောက်
ဆဲသင်ခန်းစာမှစကာ စာသင်တော့သည်။ ပဥ္ဒာဝုဓမင်းသားအကြောင်းကို စသင်ရမည်ဖြစ်၏။ ပထမဦးဆုံး
မြန်မာစာကို မြန်မာသံဖြင့် မြန်မာလိုဖြတ်ပြ၏။ တိုင်းရင်းသားကလေးငယ်များက နားထောင်ကြ၏။အခက်အ
ခဲတစ်စုံတစ်ရာ မရှိသေးပါ။
“တောသို့ဝင်၍ မကြာမီ ဘီလူးနှင့်တွေ့လေ၏။ ဘီလူးသည် ထန်းပင်မျှရှိသောအရပ်၊ အိမ်ပမာဏ
ရှိသောဦးခေါင်း၊ သပိတ်မျှရှိသောမျက်စိ၊ ငှက်ပျောဖူးမျှရှိသော အစွယ်၊ ဖြူသောမျက်နာနှင့် ပျောက်ကျား
သောဝမ်း၊ ညိုသောလက်ခြေတို့ဖြင့် ကိုယ်ထင်ပြ၍ “အသင်လူသား၊ အဘယ်သို့သွားမည်နည်း၊ ရပ်လော့။
သင်သည် ငါ၏အစာဖြစ်ပြီ”ဟုဆို၏။
ထို့နောက် မြန်မာစာကို မြန်မာလိုသဘောပေါက်အောင် တိုင်းရင်းသားကလေးငယ်များအား မြန်
မာဘာသာစကားဖြင့် ရှင်းပြလိုက်၏။ ထိုအခါမှ ရှုပ်လေတော့သည်။
“ဘီလူးကြီးရဲ့ အရပ်ကြီးက ထန်းပင်လောက် ရှိတယ်.တဲ့။”
ကလေးများက တစ်ယောက်မှ ကြောက်လန့်အံ့သြဟန်မပြ။ အားလုံးတည်ငြိမ်စွဖြင့်နားထောင်ကြ
သည်။
“မျက်လုံးကြီးတစ်လုံးတစ်လုံး ဆိုရင်လည်း သပိတ်လောက် ရှိ ဆိုပဲ။ မြင်ယောင်သာ ကြည့်ကြပေ
တော့။ အစွယ်ကြီးတွေကလည်း ငှက်ပျောဖူးကြီးတွေကျနေရော။ အကြီးကြီးတွေပဲ။”့ 
ထိုအခါကျမှ ငြိမ်၍နားထောင်နေကြသော ကလေးများက ထရယ်ကြ၏။ ကြောက်စရာကောင်း
အောင်ပြောသည်ကို ဘယ်နှယ်ကြောင့် မကြောက်ကြဘဲ ထရယ်ကြလေသနည်းဟု စဉ်းစားရကောင်းမှန်းပင်
မိသိခဲ့။ သတိမထားမိခဲ့ပါ။ ညနေပိုင်း ရွာတွင်းသို့ လမ်းလျှောက်ထွက်ရင်း ငှက်ပျောပင်ဆိုသည့်အရာကိုတွေ့
မှ နေ့လည်က စာသင်ချိန်အတွေ့အကြုံများကို ပြန်လည်တွေးတောဆင်ခြင်မိလေတော့၏။ ဇာတ်တော်ထဲမှ
ဘီလူးကြီးသည် သူ့ကြောင့် တိုင်းရင်းသား ကလေးငယ်များ၏ ရှေ့တွင် အလွန်ပင် ဂုဏ်သိက္ခာ ကျဆင်းသွား
သွားရလေပြီ။ ငှက်ပျောပင်သည် မြေပြန့်ဒေသရှိငှက်ပျောပင်များကဲ့သို့မဟုတ်။ အပင်လုံးပတ်မှာ သေးလှီ၍
အရပ်မြင့်၏။ ထို့ကြောင့် ငှက်ပျောဖူးမှာလည်း ခပ်ညှက်ညှက်ကလေးမျှသာဖြစ်သည်။ သို့ဖြစ်၍ ကလေးများ
သူ ပြောပြသော ဘီလူးပုံကို မြင်ယောင်ကြည့်ကာ အထင်သေး၍ ၀ိုင်းဟားကြခြင်း ဖြစ်ပေလိမ့်မည်။ ထို့ပြင်
ပေပေါင်း ခြောက်ထောင်ကျော်မြင့်သော ချင်းတောင်ပေါ် အလွန်အေးသောဒေသ၌ အဘယ်မှာလျှင် ထန်း
ပင်ရှိနိုင်မည်နည်း။ ကလေးများက ထန်းပင်ဆိုသည့်အရာကို မမြင်ဖူးကြသဖြင့် ဘီလူးကြီး၏ အရပ်အမောင်း
အပေါ်၌ စိတ်ဝင်စားမှုမရှိခြင်းကား အဆန်းတကျယ်တော့ မဟုတ်ပါပေ။ ခရစ်ယာန်ဒေသဖြစ်သဖြင့် ဆွမ်းခံ
ကြွသည့်ကိုယ်တော် မရှိရကား သပိတ်ပမာဏရှိသည့် မျက်လုံးကို အဘယ်သို့လျှင် စိတ်ကူးပုံဖေါ်ကြနိုင်လိမ့်
အံ့။ သူ မစဉ်းစားမိခဲ့။
ဤအချက်များကို အလေးအနက် ဆင်ခြင်မိသောအခါတွင် သူသည် အချို့ကိစ္စများ၌ ကာလဒေသ
အလိုက် ဓလေ့စရိုက်သဘာဝများကို ရှေးဦးစွာ လေ့လာမှတ်သားပြီးမှသာလျှင် ပြုမူပြော ဆိုလုပ်ဆောင်သင့်
ကြောင်း စတင်သတိပြုမိလေတော့၏။

(ခြောက်)
နံနက်လင်းလျှင် ဆွမ်းနှင့် ဆွမ်းဟင်းကိုချက်ပြုပ်ပြီးထားခဲ့ကာ စာသင်ကျောင်းသို့သွား၏။ စာသင်
ချိန်တစ်ချိန်ပြီးမှ ပြန်လာသည်။ ထို့နောက်ဘုရားဆွမ်းတော်ကပ်ခြင်းနှင့် နေ့ဆွမ်းစာခြင်းအမှုတို့ကို ပြု၏။ ပြီး
သောအခါ နေ့လည်ပိုင်းတစ်ချိန်စာပြရန် စာသင်ကျောင်းသို့သွားပြန်သည်။ ညနေပိုင်း စာသင်ကျောင်းမှပြန်
လာသောအခါ ကိုယ်လက်သန့်စင်၍ ရွာတွင်းသို့ လမ်းလျှောက်ထွက်၏။ သူ့အလိုအရ သာသနာမပြုနိုင်သေး
ခင် သာသနာကို မြင်ဖူးအောင် အရင်ပြထားခြင်းဟု ဆိုလေသည်။ ညပိုင်းတွင် ပုံမှန်အတိုင်း ဖယောင်းတိုင်
ထွန်း၍ စာဖတ်၏။ ထို့နောက် ဘုရားရှိခိုး မေတ္တာပို့ အမျှအတန်းပေးဝေပြီး တရားလည်း အနည်းငယ်ထိုင် လိုက်သေးသည်။ ဤသည်တို့မှာ သူ၏ တစ်နေ့တာလုပ်ငန်းများဖြစ်ကြ၏။ နေ့စဉ် ထိုပုံစံဇယားအတိုင်းလည်
ပတ်သည်။
သို့ဖြင့် တစ်ခုသော ညနေခင်းအချိန်တွင်ရွာတွင်းသို့ သာသနာပြ လမ်းလျှောက်ထွက်ရင်း ရွာဥက္ကဋ္ဌ
ကြီးနှင့်တကွ ရွာသားအချို့တို့ အဆောင်အဦတစ်ခု ဆောက်လုပ်ရန်တာစူနေကြသည်ကိုတွေ့လိုက်ရ၏။ထို့
ကြောင့် သူ စပ်စုကြည့်သည်။
“ဥက္ကဋ္ဌကြီး ဘာလုပ်နေတာလဲဗျ”
“ကျနော်တို့ ဒီမှာ စာကြည့်တိုက်စောင့်မယ်လေ ဆရာ”
“ဟာဟုတ်လား၊ ကောင်းတာပေါ့”
“နိုင်ငံတော်က စာကြည့်တိုက်ဆောက်လုပ်ရေးအတွက် ဆယ်သိန်းချပေးထားတယ်”
“ အော်..အင်း ဟုတ်ပြီ။ ဒါနဲ့..အဲဒီစာကြည့်တိုက်ထဲမှာထားဖို့ စာအုပ်တွေကရော ရှိပြီလား။”
“လောလောဆယ်တော့ ဆယ့်ငါးအုပ်လောက်ပဲ ရှိပါသေးတယ်။ အဲဒါ ဖြစ်နိုင်ရင် ဆရာလည်းကူညီ
ပြီးစာအုပ်တွေ ရှာပေးပါဦး။ စာအုပ်များလေ၊ ပိုကောင်းလေပေါ့။”
“ဟုတ်တယ်။ ဟုတ်တယ်။ ဦးဇင်း ကြိုးစားပေးပါ့မယ်။ စာအုပ်အတွက်ကတော့ ဦးဇင်းတာဝန်ထား။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ ဒီလိုဆိုတော့လည်း ကျနော်တို့ စိတ်အေးရတာပေါ။”
“ကောင်းပြီ၊ ကောင်းပြီ စိတ်ချပါ။ ဦးဇင်း ရအောင်ရှာပေးမယ်။ အခုတော့ ဦးဇင်းကို ပြန်ခွင့်ပြုပါဦး”
စာကြည့်တိုက်အတွက်စာအုပ်များရှာဖွေပေးဖို့ သူ ရုတ်တရက်နှုတ်ဖြင့် ကတိပေးလိုက်မိ၏။ ဘုန်း
ကြီးကျောင်းကို ပြန်ရောက်၍ ထိုကိစ္စကို သေသေချာချာ ပြန်လည် စမ်းစားကြည့်မိသောအခါမှ ပေးလိုက်မိ
သည့် ကတိအတွက် သူ ခေါင်းနပမ်းကြီးသွားရသည်။ စာကြည့်တိုက်တစ်ခုတွင် လိုအပ်သောစာအုပ်ဟူသည်
မှာ တစ်အုပ်နှစ်အုပ်မဟုတ်။ တစ်ရာ နှစ်ရာနှင့်လည်း မရ။ အနည်းဆုံး ကိုးရာတစ်ထောင်လောက်မှ ဖြစ်ပေ
လိမ့်မည်။ ယနေ့စာအုပ်ဈေးမှာလည်း အဟောင်းဆိုလျှင်ပင် ငါးရာကျပ်အောက် မလျော့သည်ဖြစ်ရာ သူ ထို
အကြောင်းကို တွေးမိလေလေ လန့်လေလေ ဖြစ်ရလေတော့၏။ သို့သော်လည်း မတွေ့း ၍ကားမရ။ ပေးမိ
သည့် ကတိကို တည်ရမည်။ သို့မှသာ သူ့ကြောင့် သာသနာတော် ဂုဏ်သိက္ခာ မညှိုးနွမ်းမည်ဖြစ်၏။
ထို့ကြောင့် စာအုပ်များရရာရကြောင်း နည်းလမ်းကောင်းများကို အထပ်ထပ် အဖန်ဖန်စဉ်းစားကြည့်
သည်။ ဘယ်လိုမှမရ။ သူ ပိုင်ဆိုင်ခွင့်ရှိသည့် တောင်တန်းသာသနာပြု တစ်လစာ ထောက်ပံ့ကြေးမြန်မာကျပ်
ငွေတစ်သောင်းခွဲမှာလည်း တစ်နှစ်စာလုံးစု၍ ၀ယ်မှသာ အုပ်ရေတစ်ရာမျှ ရနိုင်ပေလိမ့်မည်။ဘာကိုအားကိုး
ကတိပေးမိလေသနည်းဟု သူ့ကိုသူ မချင့်မရဲ အပြစ်တင်မိ၏။ ထိုအချိန်တွင် သူ တစ်ခု စဉ်းစားမိသည်ကား
တက္ကသိုလ်။ သူ့ကိုမွေးဖွားပေးလိုက်သော သာသနာ့တက္ကသိုလ်ဖြစ်၏။ သာသနာ့တက္ကသိုလ်မှတစ်ပါး အား
ကိုးရာ မရှိလေပြီ။ ထို့ကြောင့် သာသနာ့တက္ကသိုလ်သို့ စာပို့၍ စာအုပ်အလှူခံရန် ဆုံးဖြတ်ချက်ချလိာက်လေ
တော့၏။
သို့
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ရန်ကုန်-မန္တလေးမှ သင်တန်းသား ညီတော်နောင်တော်သံ
ဃာတော် အရှင်မြတ်တို့ဘုရား။ ဘုရားတပည့်တော် ရိုသေစွာဖြင့် စာရေးလျောက်ထားပါသည်။
ဘုရားတပည့်တော်ကတော့ ယခုနှစ်တွင် ရန်ကုန် သာသနာ့တက္ကသိုလ်မှ ကျောင်းပြီး၍ တောင်တန်း
ဒေသသို့ သာသနာပြုတာဝန်ကျသော န. ပ . သ ကျောင်းသားဟောင်းတစ်ဦး ဖြစ်ပါသည်ဘုရား။
ဘုရားတပည့်တော် တာဝန်ကျသောရွာလေးသည် အိမ်ခြေ ၁၄၀ ရှိပြီး ဗုဒ္ဓဘာသာဝင် လုံးဝမရှိသော
ရွာလုံးကျွတ် ခရစ်ယာန်ရွာလေးတစ်ရွာ ဖြစ်ပါသည်။
ထို့ကြောင့် ဘုရားတပည့်တော်သည် ကျရာတာဝန်ကို မငြိုငြင်ဘဲ (ကိုယ်တိုင်ဆန်ဝယ်၊ ကိုယ်တိုင်ဆွမ်း
ချက်စားလျက် ) တပည့်တော်မှ အစ နောင်တွင် တာဝန်ကျလာမည့် သာသနာ့တက္ကသိုလ်ကျောင်းဆင်း
ညီရင်းအစ်ကို သံဃာတော် အရှင်သူမြတ်များပါ ရွာသူရွာသားများနှင့် ပိုမိုအဆင်ပြေရင်းနှီးမှု ရရှိလာနိုင်
စေရန်ရည်သန်ကာ (ဘာသာစကားအခက်အခဲများကြားမှ) တစ်အိမ်ဝင် တစ်အိပ်ထွက် လိုက်လံမိတ်ဆက်
ခြင်း၊ ရွာရှိအလယ်တန်းကျောင်းတွင် ၀င်ရောက်ကာ စာသင်ပေးခြင်း ၊ ရွာတွင်စာကြည့်တိုက်ဆောက်လုပ်
ရာ၌ အားတက်သရော ဦးဆောင်ပါဝင် ဆောင်ရွက်ပေးခြင်း စသော ဗုဒ္ဓဘာသာနှင့်ခရစ်ယာန် အပြန်အ
လှန်ပေါင်းကူး ဆက်ဆံနိုင်မည့်အရေးကို ( ဤရွာတွင် ) ကြိုးစားလျက်ရှိပါသည်ဘုရား။
သို့သော်လည်း “နှမ်းတစ်စေ့တည်း အချည်းနှီးပါ၊ များစွာစုပေါင်း ဆီဖြစ်ကြောင်း။ ဆန်တစ်စေ့တည်း
အချည်းနှီးပါ၊ များစွာစုပေါင်း၊ ထမင်းဖြစ်ကြောင်း။ လက်တစ်တည်း အချည်းနှီးပါ၊ များစွာစုပေါင်း အားဖြစ်
ကြောင်း။” ဟုဆိုသကဲ့သို့ ဘုရားတပည့်တော် တစ်ဦးတည်း၏ အင်အားနှင့်ဆိုပါက များစွာအရာထင်နိုင်
ဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ပါဘုရား။
ဆရာတော်

သို့ဖြစ်ပါ၍ ဘုရားတပည့်တော်၏ သွေးရင်း ညီအစ်ကိုများ ဖြစ်တော်မူကြကုန်သော မိခင် န . ပ . သ
ဖွား ညီတော်နောင်တော်များ၏ အကူအညီကို ရယူလိုပါသည်။
ညအပူချိန် ရေခဲမှတ်အောက်ရောက်ကာ အလွန်ချမ်းအေးပြီး နေရောင်ခြည်နှင့် အလှမ်းဝေးသော
နှင်းတိမ်တိုက်များ ဖုံးလွှမ်းထားသည့် တောင်ဆွယ် တောင်တန်းများကြားမှ တိုင်းရင်းသူ တိုင်းရင်းသား
လေးများကို အရှင်ဘုရားတို့၏ မေတ္တာဖြင့် အဝေးမှနေ အနွေးဓာတ်များ ပေးသနားတော်မူပါဘုရား။
အ၀ိဇ္ဖာအမှောင်ကို ခွင်းမည့် ဗဟုသုတအရောင်အလင်းများကိုလည်း ဆောင်ကျဉ်းပေးတော်မူကြပါ
ဘုရား။
သို့အတွက် ညီတော်နောင်တော်တို့ မဖတ်လို၍ ပိုနေသော စာအုပ်စာစောင်များ ရှိလျှင် လျှက်ဆား
ကြော်ငြာမှအစ၊ သတင်းစာ၊ ဂျာနယ်၊ ကာတွန်း၊ ၀တ္ထု၊ မဂ္ဂဇင်း၊ လက်ကမ်းစာစောင်၊ ဘာသာရေးစာပေ
အဆုံး အဟောင်းအစုတ်မဟူ ပေးပို့လှူဒါန်းနိုင်ပါကြောင်း မေတ္တာရပ်ခံ လျှောက်ထားအပ်ပါသည်ဘုရား။
ထေရ၀ါဒအလင်းရောင်ဗုဒ္ဓသာသနာပြုဌာန
စာရေးပြီး အစအဆုံး ပြန်ဖတ်ကြည့်လိုက်သည်။ ထို့နောက်မည်သူဆီကို ဦးတည်၍ပေးပို့ရမည်နည်း
ဟု စဉ်းစားကြည့်၏။ ရန်ကုန်သာသနာ့တက္ကသိုလ်သည် သူ့နေရာနှင့် အလွန်အလှမ်းဝေးသည်။ထို့ကြောင့်
သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲရှိ၏။ စိတ်ရိတ်စကလည်း များမည်။ မန္တလေးတက္ကသိုလ် ဆိုလျင်
သင့်တော်၏။ သို့သော် သူနေခဲ့သည်က ရန်ကုန်တွင် ဖြစ်သောကြောင့် မန္တလေးတွင် သူ့အသိမိဆွေမရှိ။ ရှိ
သောသူငယ်ချင်းကလည်း ပြီးခဲ့သောနှစ်ကပင် ကျောင်းပြီကာ တောင်တန်းဒေသသို့ရောက်နေပြီဖြစ်၏။သို့
ဖြစ်၍ အခက်ကြုံပြန်သည်။
(ဆက်လက်တင်ပြပါမည်။)ဟု စဉ်းစားကြည့်၏။ ရန်ကုန်သာသနာ့တက္ကသိုလ်သည် သူ့နေရာနှင့် အလွန်အလှမ်းဝေးသည်။ထို့ကြောင့်
သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲရှိ၏။ စိတ်ရိတ်စကလည်း များမည်။ မန္တလေးတက္ကသိုလ် ဆိုလျင်
သင့်တော်၏။ သို့သော် သူနေခဲ့သည်က ရန်ကုန်တွင် ဖြစ်သောကြောင့် မန္တလေးတွင် သူ့အသိမိဆွေမရှိ။ ရှိ
သောသူငယ်ချင်းကလည်း ပြီးခဲ့သောနှစ်ကပင် ကျောင်းပြီကာ တောင်တန်းဒေသသို့ရောက်နေပြီဖြစ်၏။သို့
ဖြစ်၍ အခက်ကြုံပြန်သည်။
2 comments:
ဖတ်လို့ကောင်းနေပြီဗျို့။ ဆက်ရေးပါဦး။ ပြီးတဲ့အထိ စောင့်အားပေးပါမယ်။
ရပ်မထားနဲ့လေ..ဆက်ရေးဦး။ စောင့်နေ့တာ သိချင်လွန်းလို့။
Post a Comment